
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အဘ ဦးဘစိန်၊ အမိ ဒေါ်အုံးစိန်တို့မှ ၁၉၅၂ ခုနှစ်
ဧပြီလ ၂ဝ ရက်နေ့တွင်မွေးဖွား။
မွေးချင်း (၇)ယောက်တွင် အငယ်ဆုံးဖြစ်သည်။
မန္တလေးဆေးတက္ကသိုလ်နှင့် မန္တလေး စာပေးစာယူ သင်တန်းတို့တွင် ပညာသင်ကြားခဲ့။
ကျောင်းသားဘဝ ၁၉၇ဝ ခုနှစ်မှစ၍ ကျူရှင်ဆရာဖြစ်နေခဲ့ပြီး၊ ၂ဝဝဝ တွင် ရန်ကုန်သို့ ပြောင်းရွေ့ကာ စာပေလုပ်ငန်းတခုတည်းသာ လုပ်ကိုင်လျှက်ရှိပါသည်။
၁၉၉၄ ဇူလိုင်လတွင် စိန်ခေါ်နေသော ဖွံ့ဖြိုးရေး ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
အမည်ရင်း ကျော်ဝင်းအပြင် ဝင်းနောင်၊ လင်းထက်ဇော်၊ စိုးရိမ်၊ မိုးကောင်း စသည့် ကလောင်ခွဲများဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် လူမှုရေးဆိုင်ရာ ဆောင်းပါးများ၊ နိုင်ငံတကာရေးရာ ဆောင်းပါးများ၊ ဘာသာပြန်များရေးသားလျှက်ရှိပါသည်။
မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၇၅ - ၇၆) တွင်လည်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ စံပါယ်ဖြူမဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ယခု ခေတ်ဆန်းဂျာနယ်နှင့် မိုးဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။